back

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တို့ တွင် တစ်ပတ်အတွင်း ရေစီးမျောပါ သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

Aug 09 • 3:55 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တို့ တွင် တစ်ပတ်အတွင်း ရေစီးမျောပါ သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

ပြည်တွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံမှ ဆည်ရေလွှတ်ချခဲ့ရသဖြင့် မူးမြစ်ကြောင်း တစ်လျှောက်ရှိ ကန့်ဘလူ...

ပြည်တွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံမှ ဆည်ရေလွှတ်ချခဲ့ရသဖြင့် မူးမြစ်ကြောင်း တစ်လျှောက်ရှိ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘိုနှင့် တန့်ဆည် အပါအဝင် မြို့နယ် ၁၀ ခု၌ ရေကြီးရေလျှံမှု ဖြစ်ပွားကာ ယခုတစ်ပတ်တာ ကာလအတွင်း သေဆုံးသူ ၈ ဦးအထိ ရှိလာခဲ့သည်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၌လည်း ရွှေလီမြစ်ရေ ကြီးရေလျှံမှုကြောင့် အမျိုးသား ၂ ဦး ရေစီးမျောပါ သေဆုံးခဲ့ပြီး မြစ်ဆုံကျေးရွာရှိ တံတားတစ်စင်းပါ ပျက်စီးခဲ့ရာ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့သည်။ လက်ရှိတွင် ရေဘေးသင့် ပြည်သူ ထောင်ပေါင်းများစွာအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

news-view-count-icon

12