ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ တောင်ပေါ်ကျေးရွာများတွင် ယခုနှစ် မိုးရာသီ တောင်ယာစိုက်ခင်းများမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းများ အထွက်တိုးပြီး ရောင်းအားကောင်းနေသဖြင့် တောင်ယာ စိုက်ပျိုးသူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်များက ငရုတ်သီးစိမ်း ၁ ပိဿာလျှင် ကျပ် ၁၄,၀၀၀ ခန့်သာ စျေးရရှိခဲ့သော်လည်း ယခုနှစ် မိုးရာသီတွင် ၁ ပိဿာလျှင် ကျပ် ၂၅,၀၀၀ မှ ၂၆,၀၀၀ အထိ စျေးကောင်းရရှိနေသည်။ အဆိုပါ ငရုတ်သီးစိမ်းများမှာ ဆောင်းရာသီ ငရုတ်သီး မပေါ်မီအချိန်အထိ ရောင်းအား ဆက်လက်ကောင်းမွန်နိုင်မည်ဟု မျှော်လင့်ရကြောင်း စိုက်ပျိုးရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။
Aug 09 • 3:53 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 13 | 0 | 0 | 0 |


