back

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့သိမ်ဖြူအားကစားရုံ၌ ကျင်းပမည်ဖြစ်

Aug 09 • 3:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့သိမ်ဖြူအားကစားရုံ၌ ကျင်းပမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့ ဩဂုတ်လ ၉ ရက်၊ နေ့လယ် ၂ နာရီတွင် ကျင်...

ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့ ဩဂုတ်လ ၉ ရက်၊ နေ့လယ် ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ထိပ်တန်းဖိုက်တာများ ပါဝင်သည့် တွဲဆိုင်း ၆ ဆိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထူးချွန်သည့် အားကစားသမားများကို ဆီးဂိမ်းပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် ရွေးချယ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲအား SkyNet Sports နှင့် SkyNet Application တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

35