back

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေ၍ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများ သတိပြုရန် မိုးဇလ သတိပေး

Aug 09 • 2:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေ၍ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများ သတိပြုရန် မိုးဇလ သတိပေး

ပြည်တွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် မိုးရွာသွန်းခြင်း၊ ...

ပြည်တွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် ထူးခြားမိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ကြိုတင်သတိပြုရန် အသိပေးထားသည်။

news-view-count-icon

18