ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့ရှိ နှစ် ၁၀၀ နှင့်အထက် သက်တမ်းရှိ ကလောစာတိုက်ဟောင်း၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်၍ ဩဂုတ် ၆ ရက်တွင် ကမ္ပည်းမော်ကွန်း ကြေးပြားများ တပ်ဆင်ခဲ့သည်။ အဆိုပါ ကမ္မည်းမော်ကွန်း ကြေးပြားများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း ရှေးဟောင်းအဆောက်အအုံ ၂၃ လုံးရှိသည့်အနက် လက်ရှိတွင် ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်ပြီးသည့် အဆောက်အအုံ ၉ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကလောမြို့ရှိ အဆောက်အအုံ ၃ လုံးကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်
Aug 09 • 2:29 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


