မန္တလေးမြို့တွင် ယခင်က အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၂ ပိဿာ ရောင်းချပေးခဲ့ရာမှ ယခုအပတ်တွင် ၂.၅ ပိဿာအထိ တိုးမြှင့်ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၇ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (တတ-၆) ဓမ္မာရုံ၌ အိမ်ထောင်စု ၁၉၉ စုအတွက် စားအုန်းဆီဝယ်ယူခွင့်စာအုပ် အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းလဲလှယ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စားအုန်းဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ရန်အတွက် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ဖုန်းနံပါတ်နှင့် လိပ်စာများ လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။



