back

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီ အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်

Aug 09 • 2:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီ အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီရိုမြို့ရှိ ဆေးခန်းတစ်ခုတွင် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီသည် နာတာရှည် ရောဂါဝေဒနာကြောင့် ဩဂုတ...

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီရိုမြို့ရှိ ဆေးခန်းတစ်ခုတွင် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီသည် နာတာရှည် ရောဂါဝေဒနာကြောင့် ဩဂုတ် ၇ ရက်နေ့က အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်သူ ဂျော့ဂျ်မက်ဆီသည် မက်ဆီ၏ ဘောလုံးသမား ဘဝတစ်လျှောက် အေးဂျင့်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ကိစ္စရပ်တိုင်းတွင် အဓိက ပံ့ပိုးကူညီပေးခဲ့သူ ဖြစ်သည်။ အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်စဉ်နှင့် ပတ်သက်၍ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်နှင့် နယူးဝဲလ်အိုးလ်ဘွိုင်းစ် အပါအဝင် ဘောလုံးကလပ်အချို့က မက်ဆီနှင့် မိသားစုအတွက် စာနာဝမ်းနည်းကြောင်း ထုတ်ပြန်ထားကြသည်။

news-view-count-icon

19