ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်တွေ-အမ်း ကားလမ်းပေါ်ရှိ စွေ့ချောင်းတံတားနှင့် မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာအနီးရှိ ပေ ၃၀ ခန့်ရှိ တံတားငယ်တစ်စင်းတို့ ယခုရက်ပိုင်းအတွင်း ပြိုပျက်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါ လမ်းပိုင်း၌ မိုးတိတ်သွား၍ ရေပြန်ကျသွားသော်လည်း စွေ့ချောင်းတံတား ပြိုကျထားသဖြင့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ သွားလာ၍ မရသေးဘဲ၊ အင်ကြင်းကျေးရွာအနီးရှိ တံတားငယ်မှာလည်း အန္တရာယ်ရှိသော အခြေအနေ ဖြစ်နေသဖြင့် သွားလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ပျက်စီးသွားသည့် တံတားများကို လမ်းတံတားဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Aug 09 • 2:02 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 16 | 0 | 0 | 0 |


