ထိုင်းအသင်းကို ၂ ဂိုး - ၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် မြန်မာအသင်းခေါင်းဆောင် ကျော်မင်းဦးက ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များသည် မျှတမှုမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။ မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့နှင့် ကစားခဲ့သည့် ပွဲစဉ်နှစ်ခုလုံးတွင် တာဝန်ယူခဲ့သည့် ဂျပန်လူမျိုး ကွင်းလယ်ဒိုင် ယူဆူကီအိုဟာရှီ၏ ဆုံးဖြတ်ချက်များမှာ နှစ်ကြိမ်စလုံး မျှတမှုမရှိဟု ခံစားရသော်လည်း အသင်း၏ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း ၎င်းက ပွဲပြီး အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ အဆိုပါ ဂျပန်ဒိုင်လူကြီးသည် မလေးရှားနှင့်ပွဲတွင် မြန်မာဘက်သို့ ပင်နယ်တီ ၁ လုံးနှင့် ထိုင်းနှင့်ပွဲတွင် ပင်နယ်တီ ၂ လုံး ပေးခဲ့ခြင်းဖြစ်သည်။
Aug 09 • 2:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


