ကရင်ပြည်နယ်၊ ဘားအံမြို့၏ သံလွင်မြစ်ရေသည် ဩဂုတ် ၈ ရက် ည ၆ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်၍ ၇၇၂ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ဘားအံမြို့၏ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် အထူးဂရုစိုက်ရန်နှင့် အရေးပေါ် ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် သတိပေးထားကြောင်း သိရသည်။
Aug 09 • 1:34 AM
မြန်မာ
ကရင်
မျှဝေမည်
| 16 | 0 | 0 | 0 |


