back

ဂီမာရေ့စ်ကို ခေါ်ယူခဲ့ကြောင်း အာဆင်နယ် အတည်ပြု

Aug 08 • 1:55 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂီမာရေ့စ်ကို ခေါ်ယူခဲ့ကြောင်း အာဆင်နယ် အတည်ပြု

ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်း၏ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် ဂီမာရေ့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း အသုံးပြုကာ နှစ်ရှည်စာချုပ်ဖြင့် ခေါ...

ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်း၏ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် ဂီမာရေ့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း အသုံးပြုကာ နှစ်ရှည်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့သည်။ နယူးကာဆယ်အသင်းတွင် ၅ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၄-၂၅ ရာသီ၌ လိဂ်ဖလားအောင်မြင်မှု ရရှိခဲ့သည့် ဂီမာရေ့စ်က အာဆင်နယ်ကစားသမား ဖြစ်လာသည့်အတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် ဆုဖလားအောင်မြင်မှုများ ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုအပြောင်းအရွှေ့ကာလအတွင်း ကစားသမား ၃ ဦးအထိ ခေါ်ယူထားပြီးဖြစ်ကာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကိုလည်း ထပ်မံခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

news-view-count-icon

11