စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာသဖြင့် တမံအတွင်း ရေထိန်းညှိရန် ရေပိုလွှဲမှ ရေစတင်လွှတ်ထုတ်နေရသော်လည်း တမံမှာ ကြံ့ခိုင်မှုရှိပြီး စိုးရိမ်ရန်မလိုကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကန့်ဘလူမြို့၌ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မိုးရေချိန် ၇ လက်မမှ ၅ ဒသမ ၁၈ လက်မအထိ ရွာသွန်းခဲ့ရာ ဩဂုတ်လ ၅ ရက် တစ်ရက်တည်း၌ပင် တမံအတွင်းသို့ ရေပမာဏ ၁၂၃,၀၀၀ ဧကပေအထိ စံချိန်တင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲ ရေလွှတ်ထုတ်နေရသော်လည်း တမံကြံ့ခိုင်မှုရှိပြီး စိုးရိမ်ရန်မလိုဟု ထုတ်ပြန်
Aug 08 • 1:53 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


