မွန်ပြည်နယ်ဈေးကွက်အတွင်း ရေးဒေသထွက် ကွမ်းသီးနု ဈေးနှုန်းများ သိသိသာသာ ကျဆင်းလာနေကြောင်း ကွမ်းသီးစိုက်တောင်သူများထံမှ သိရသည်။ ကွမ်းသီးနုရာသီအဖွင့်တွင် တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ အထိ ဈေးကောင်းရရှိခဲ့သော်လည်း လက်ရှိတွင် အထွက်နှုန်းကောင်းပြီး ဝယ်လိုအားနည်းနေခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ခန့်အထိ ဈေးကျဆင်းသွားသဖြင့် တောင်သူအချို့ ကွမ်းသီးနုခူးယူခြင်းကို ရပ်နားထားကြကြောင်း သိရသည်။ ရေးမြို့နယ်တွင် ကွမ်းသီးပင်ကို စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြပြီး အဆိုပါကွမ်းသီးအနုများကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများက အဓိကဝယ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။
Aug 08 • 1:50 PM
မြန်မာ
မွန်
မျှဝေမည်
| 11 | 0 | 0 | 0 |


