back

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မနက်ဖြန်ကျင်းပမည်ဖြစ်ပြီး ကစားသမားများ ဆေးစစ်ဝိတ်ချိန်ခြင်း ပြီးစီး

Aug 08 • 1:46 PM

breaking-news

မြန်မာ

ရန်ကုန်

cover

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မနက်ဖြန်ကျင်းပမည်ဖြစ်ပြီး ကစားသမားများ ဆေးစစ်ဝိတ်ချိန်ခြင်း ပြီးစီး

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (MLWC) ကို မနက်ဖြန် ဩဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပမည်ဖြ...


(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (MLWC) ကို မနက်ဖြန် ဩဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများ ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ် ယနေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ Myanmar Martial Arts Group (MMAG) က စီစဉ်ကျင်းပသည့် အဆိုပါပြိုင်ပွဲကို အလဲထိုးစနစ်ဖြင့် တွဲဆိုင်း ၆ ဆိုင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ အဓိကခေါင်ပွဲအဖြစ် ၇၅ ကီလိုတန်းတွင် ထွန်းမင်းအောင်နှင့် ရာမန်၊ ဒုတိယခေါင်ပွဲအဖြစ် ၆၇ ကီလိုတန်းတွင် နိုင်ဝင်းထွန်းနှင့် ကမ္ဘာရှားတို့အပြင် အဲမွီနှင့် သန့်ဇင်၊ ဆလိုင်းထန်ခွီးရှိန်နှင့် ဟိန်းထွန်းအောင် စသည့် ထိပ်တန်းတွဲဆိုင်းများ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ထိပ်တန်းရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကလည်း မနက်ဖြန်ပွဲစဉ်အတွက် ဆေးစစ်ဝိတ်ချိန်မှုများ ပြုလုပ်ပြီးစီးကာ ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

16