မကြာမီကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ်လ ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ ယင်းခြေစမ်းပွဲသည် ကစားသမားများ၏ ကြံ့ခိုင်မှု၊ အသင်းလိုက်ကစားပုံနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ တိုးတက်စေရန် ရည်ရွယ်ကစားခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် အတွေ့အကြုံများကို အခြေခံကာ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပြင်သစ်နိုင်ငံသား Centre-Back ခံစစ်ကစားသမား ခြေစွမ်းထက်သူ ရော့ဒရစ် (Rodrigue Nanitelamio) ကို နိုင်ငံခြားသားကစားသမားအဖြစ် ထပ်မံခေါ်ယူအားဖြည့်လိုက်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ နေရှင်နယ်လိဂ်ပွဲကြို ခြေစမ်းပွဲယှဉ်ပြိုင်ကစား၊ ရှမ်းယူနိုက်တက်က ပြင်သစ်နောက်ခံလူသစ်တစ်ဦး ခေါ်ယူ
Aug 08 • 1:44 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


