back

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့တွင် ငဝန်တာနိမ့်ကျကာ ရေကျော်စီးဝင်မှုကြောင့် ရေဘေးသင့်ပြည်သူများကို ပူးပေါင်းကူညီကယ်ဆယ်လျက်ရှိ

Aug 08 • 1:38 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့တွင် ငဝန်တာနိမ့်ကျကာ ရေကျော်စီးဝင်မှုကြောင့် ရေဘေးသင့်ပြည်သူများကို ပူးပေါင်းကူညီကယ်ဆယ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့၌ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေက...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့၌ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ တာဘောင်များ ပြုပြင်ခြင်း၊ Life Jacket၊ ရိက္ခာနှင့် ရေသန့်များ လှူဒါန်းခြင်းအပြင် ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

14