မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲခန့်က တံငါချောင်းမကြီး ရေလျှံမှုဖြစ်ပွားကာ တံငါတောင်၊ ရေချောင်းဗိုလ်၊ ပုဂံစု၊ ရခိုင်စုနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများအား မတ္တရာမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue၊ ကြက်ခြေနီနှင့် ပရဟိတအသင်းသားများ ပူးပေါင်း၍ ရေဘေးလွတ်ရာဖြစ်သော အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ ဉမင်ကျေးရွာရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ရုံပင်ကျေးရွာဘုန်းကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုငိးဒေသကြီး၊မတ္တရာမြို့နယ်တွင် တံငါချောင်းမကြီး ရေလျှံမှုကြောင့် ကျေးရွာ ၅ ရွာ ရေဝင်ရောက်သဖြင့် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိ
Aug 08 • 1:37 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 12 | 0 | 0 | 0 |


