ချင်းတွင်းမြစ်ရေသည် ယနေ့ ဩဂုတ်လ ၈ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်၊ မင်းကင်းမြို့တွင် ပေဝက်ကျော်နှင့် မုံရွာမြို့တွင် ပေဝက်ခန့်အလိုသို့ အသီးသီး ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (မုံရွာမြို့တွင် နောက် ၁၂ နာရီအတွင်း) စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့် အဆိုပါ ကလေးဝ၊ မင်းကင်းနှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။


