back

အမေရိကန်ရောက် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးနိုင်ရန် အမေရိကန်တရားရုံးများ လမ်းဖွင့်ပေးလိုက်

Aug 08 • 1:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်ရောက် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးနိုင်ရန် အမေရိကန်တရားရုံးများ လမ်းဖွင့်ပေးလိုက်

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီကင်းလွတ်ခွင့်ပေးထားသည့် ယာယီအကာအကွယ်ပေးမှုအဆင့်အတန်း (TPS) ...

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီကင်းလွတ်ခွင့်ပေးထားသည့် ယာယီအကာအကွယ်ပေးမှုအဆင့်အတန်း (TPS) ကို အမေရိကန်အစိုးရက အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လက အမေရိကန်တရားလွှတ်တော်ချုပ်က ဟေတီနှင့် ဆီးရီးယားနိုင်ငံသားများအပေါ် အလားတူကာကွယ်ပေးထားမှုများကို ရုပ်သိမ်းရန် ခွင့်ပြုခဲ့ပြီးနောက်၊ တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့အတွက် TPS အဆင့်အတန်း ဆက်လက်ထားရှိပေးရန် လူဝင်မှုကြီးကြပ်ရေး အခွင့်အရေးလှုပ်ရှားသူများ၏ နောက်ဆုံးကြိုးပမ်းချက်ကို မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်နှင့် အီလီနွိုက်ပြည်နယ် ချီကာဂိုရှိ တရားသူကြီးများက သောကြာနေ့ (ဩဂုတ်လ ၇ ရက်) တွင် ထပ်မံပယ်ချခဲ့သဖြင့် ပြည်နှင်ဒဏ်ပေးနိုင်ရန် လမ်းပွင့်သွားခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

9