back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေကျချိန်တွင် စာသင်ကျောင်းများနှင့် ဆေးရုံများ အမြန်ပြန်ဖွင့်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် တိုင်းဝန်ကြီးချုပ် ညွှန်ကြား

Aug 08 • 1:06 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေကျချိန်တွင် စာသင်ကျောင်းများနှင့် ဆေးရုံများ အမြန်ပြန်ဖွင့်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် တိုင်းဝန်ကြီးချုပ် ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်တွင် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးတွင် မှာကြားခဲ့သည်။ ထို့ပြင် ရေကျချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာများသို့ ကြိုတင်ပို့ဆောင်ထားရန်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများ ကြိုတင်စုဆောင်းထားရန်လည်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

13