ကရင်ပြည်နယ်အတွင်း ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့်ရှိသည့် တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိအမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး လုပ်ထုံးလုပ်နည်းအတိုင်း ထိန်းသိမ်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Aug 08 • 1:05 PM
မြန်မာ
ကရင်
မျှဝေမည်
| 15 | 0 | 0 | 0 |


