back

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးမှုကာကွယ်ရန်နှင့် သာယာလှပရန် စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

Aug 08 • 1:04 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးမှုကာကွယ်ရန်နှင့် သာယာလှပရန် စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွ...

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းလုပ်ငန်းသည် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ခြင်းများကို ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် သလ္လာဝတီလမ်း၌ ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်သည်။ ထို့ပြင် ဇေယျဝတီ (၄) လမ်းနှင့် (၅) လမ်းတို့တွင်လည်း ရေမြောင်းဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

13