ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ်ကာ ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့ပြင် အဆိုပါ အားကစားခန်းမကို တာဝန်ယူတည်ဆောက်ခဲ့သည့် Golden Gate Global Myanmar Pte.,Ltd က တည်ဆောက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 08 • 1:03 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


