နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့သလို "မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆" သို့ တက်ရောက်၍ နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် ထိုင်းလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကာ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ MoU လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ဘုရင့်နန်းတော်ရှိ မြဘုရားကို ဖူးမြော်ခဲ့ပြီး ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ကာ ဝန်ထမ်းများ၊ ပညာသင်များနှင့် နိုင်ငံကူးလက်မှတ် လာရောက်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
Aug 08 • 8:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


