နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၈ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ပုဗ္ဗသီရိမြို့နယ်၏ အနောက်မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် နံနက် ၁၀ နာရီ ၅ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို နေပြည်တော်မြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏အသိပေးချက်အရ သိရသည်။



