နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စာအုပ်စာစောင်များ ပုံနှိပ်ရာတွင် အစိုးရပိုင် ပုံနှိပ်စက်များ၌သာ စနစ်တကျ အပ်နှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးက ဇူလိုင် ၃ ရက် အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း စတင်အကောင်အထည်ဖော်နေမှုများကို ပြောကြားခဲ့သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနပိုင် ပုံနှိပ်စက်များတွင် အချိန်မီ အပ်နှံဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းခဲ့ကြသည်။



