ဧရာ၀တီတိုင်း ဒေသကြီးလေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေ ရေးအတွက်မီတာဘောက် ၂၀၀ ကျော်ကိုဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သိရသည်။ဟင်္သာတခရိုင်နှင့် လေးမျက်နှာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ရေဝင်နေအိမ်များရှိမီတာဘောက်များကို ကြိုတင်ဖြုတ်သိမ်းပေးခြင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့် ကျကာ ရေကျော်စီးဝင်မှုဖြစ်ပွားခဲ့ပြီးနောက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့သည်။ဩဂုတ် ၅ ရက်အထိ မီတာဘောက်စုစုပေါင်း ၂၅၅ လုံးကို ဖြုတ်သိမ်းထားပြီးဖြစ်ကာ ရေရှောင်စခန်းနှင့် ကွပ်ကဲရေးရုံး၌ မီးစက်တစ်လုံး တပ်ဆင်ပေးထားပြီး ရေဘေးသင့် ပြည်သူများအတွက် လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်နှင့်ဖုန်းအားသွင်းနိုင်ရန် စီစဉ်ဆောင် ရွက်ပေးထားကြောင်း အသိပေးထုတ်ပြန်ထားသည်။



