back

သံလွင်မြစ်၊ စစ်တောင်းမြစ်နဲ့ ဒုဋ္ဌဝတီမြစ်ရေတွေ တက်လာနိုင်ဖို့ရှိတာကြောင့် ဘားအံမြို့နယ်၊ မဒေါက်မြို့နဲ့ မြစ်ငယ်မြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားဖို့လိုအပ်

Aug 08 • 1:56 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သံလွင်မြစ်၊ စစ်တောင်းမြစ်နဲ့ ဒုဋ္ဌဝတီမြစ်ရေတွေ တက်လာနိုင်ဖို့ရှိတာကြောင့် ဘားအံမြို့နယ်၊ မဒေါက်မြို့နဲ့ မြစ်ငယ်မြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားဖို့လိုအပ်

သံလွင်မြစ်၊ စစ်တောင်းမြစ်နဲ့ ဒုဋ္ဌဝတီမြစ်ရေတွေ တက်လာနိုင်ဖို့ရှိတာကြောင့် ဘားအံမြို့၊ မဒေါက်မြို့နဲ့ မြစ်ငယ်မြို့အနီးက မြစ် ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်သ...

သံလွင်မြစ်၊ စစ်တောင်းမြစ်နဲ့ ဒုဋ္ဌဝတီမြစ်ရေတွေ တက်လာနိုင်ဖို့ရှိတာကြောင့် ဘားအံမြို့၊ မဒေါက်မြို့နဲ့ မြစ်ငယ်မြို့အနီးက မြစ် ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်ဖို့လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန က ဒီကနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ဒီကနေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒီကနေ့ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်မှာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အ ထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဘားအံမြို့နယ်၊ မဒေါက်မြို့နဲ့ မြစ်ငယ်မြို့တွေကမြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။


news-view-count-icon

33