back

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များနှင့် လှေများအတွက် စက်သုံးဆီ အဆင်ပြေစွာရရှိနိုင်ရန် စီစဉ်ပေးထား

Aug 07 • 1:04 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များနှင့် လှေများအတွက် စက်သုံးဆီ အဆင်ပြေစွာရရှိနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲမရှိစေရန် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် ၉ ဆိုင်တွင...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲမရှိစေရန် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် ၉ ဆိုင်တွင် လိုအပ်သလို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး စီစဉ်ပေးထားကြောင်း သိရသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်သုံးဆီများ အခမဲ့ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ်လ ၆ ရက်တွင် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံ ထပ်မံခွဲဝေပေးခဲ့ပြီးဖြစ်၍ ယနေ့အထိ စုစုပေါင်း ဓာတ်ဆီ ၁,၅၉၆ ဂါလံနှင့် ဒီဇယ်ဆီ ၄၂၉.၅ ဂါလံတို့ကို အခမဲ့ ဖြန့်ဝေပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

18