၂၀၂၆ ခုနှစ် အာဆီယံချန်ပီယံရှစ် (ASEAN Hyundai Cup 2026) အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ၏ နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့သည် မနက်ဖြန် (ဩဂုတ်လ ၈ ရက်) မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လက်ရှိအုပ်စု (B) တွင် ထိုင်းအသင်းက ၃ ပွဲကစား ၉ မှတ်ဖြင့် အုပ်စုပထမနေရာ၌ ရပ်တည်ကာ ဆီမီးဖိုင်နယ်တက်ရန် အခြေအနေအကောင်းဆုံးဖြစ်နေပြီး၊ မြန်မာအသင်းမှာမူ ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရှိနေသော်လည်း မလေးရှားအသင်းနှင့် အမှတ်တူနေသဖြင့် ယခုပွဲစဉ်သည် မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပေးမည့် အရေးကြီးပွဲစဉ်ဖြစ်ကြောင်း သိရသည်။
အာဆီယံချန်ပီယံရှစ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ဖြစ်သည့် မြန်မာနှင့် ထိုင်းပွဲစဉ် မနက်ဖြန်ယှဉ်ပြိုင်မည်
Aug 07 • 1:03 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


