ဩစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီလေဆိပ်တွင် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် ယနေ့ သောကြာနေ့ (ဩဂုတ်လ ၇ ရက်) ၌ လေယာဉ်ခရီးစဉ်အမြောက်အမြား ကြန့်ကြာခြင်းနှင့် ခရီးစဉ်အချို့ ဖျက်သိမ်းရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Qantas လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ ဆစ်ဒ်နီလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀ ကျော်မှာ မိနစ် ၉၀ အထိ ကြန့်ကြာခဲ့ရပြီး ပြည်တွင်းခရီးစဉ် ၄ ခုကို ဖျက်သိမ်းခဲ့ရသည်။ ထို့ပြင် Qantas အုပ်စုပိုင် Jetstar လေကြောင်းလိုင်း၌ ခရီးစဉ် ၂၅ ခုနှင့် Virgin Australia လေကြောင်းလိုင်းတွင် ခရီးစဉ် ၂၀ ခန့် ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
Aug 07 • 1:01 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


