ပြည်တွင်း၌ တောင်သူများနှင့် ကုန်သည်အချို့တွင် ကြက်သွန်နီလက်ကျန် နည်းပါးလာသည့်အပြင် ထိုင်းနိုင်ငံဘက်မှလည်း အဝယ်လိုက်နေသဖြင့် ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း ကုန်သည်များထံမှ သိရသည်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့်အပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ ခန့်အထိ မြင့်တက်လာပြီး လက်ရှိပေါက်ဈေးမှာ ဆိပ်ဖြူကြက်သွန် ကျပ် ၅,၁၀၀ မှ ၆,၁၀၀၊ မုံရွာနှင့် မြစ်သားကြက်သွန်များမှာ ကျပ် ၅,၅၀၀ မှ ၆,၃၀၀ ဝန်းကျင်အထိ ရှိနေသည်။
Aug 07 • 12:27 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


