back

မန္တလေးတိုင်းဒေသကြီး၊ငဝန်တာတမံ အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများကို ၂၄ နာရီပတ်လုံး နေ့ဆိုင်း/ညဆိုင်းစနစ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

Aug 07 • 12:26 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ငဝန်တာတမံ အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများကို ၂၄ နာရီပတ်လုံး နေ့ဆိုင်း/ညဆိုင်းစနစ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

ငဝန်တာတမံ အောက်ခံသဲကြောထူးပေါက်မှုနှင့် ရေကျော်ဝင်ရောက်မှုကို အချိန်မီတားဆီးနိုင်ရန်အတွက် အရေးပေါ် တာပြန်စီးခြင်း၊ တာမြှင့်ခြင်းနှင့် ရေကာနံရံတည်ဆောက်ခြင်းလုပ်င...

ငဝန်တာတမံ အောက်ခံသဲကြောထူးပေါက်မှုနှင့် ရေကျော်ဝင်ရောက်မှုကို အချိန်မီတားဆီးနိုင်ရန်အတွက် အရေးပေါ် တာပြန်စီးခြင်း၊ တာမြှင့်ခြင်းနှင့် ရေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ၂၄ နာရီပတ်လုံး နေ့ဆိုင်း/ညဆိုင်း အလှည့်ကျစနစ်ဖြင့် အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ညပိုင်းလုပ်ငန်းခွင်များ ကြန့်ကြာမှုမရှိစေရန် လျှပ်စစ်မီးဆိုင်းများထွန်း၍ ဆည်မြောင်းဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ သဲအိတ်များနှင့် Geo Bag များ ဖိသိပ်ချခြင်း၊ ရေကာတားနံရံများ ဆောက်လုပ်ခြင်းတို့ကို စက်ယန္တရားများ၊ ရေယာဉ်များဖြင့် မနားတမ်း လုပ်ဆောင်နေကြပြီး ဒေသခံများ၏ အိုးအိမ်စိုက်ပျိုးမြေများ ရေဘေးမှကင်းဝေးစေရန် ရေစီးကြောင်းအခြေအနေပေါ်မူတည်၍ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15