ရန်ကုန်မြစ်အတွင်း လာမည့် ဩဂုတ်လ ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ မြင့်တက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါရက်များတွင် ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခင်က ဒီရေအမြင့်ဆုံး ၂၂ ပေခန့်အထိ တက်ရောက်ခဲ့ဖူးသဖြင့် အလွန်အမင်း စိုးရိမ်ရန်မရှိသော်လည်း ရေအမြင့်ပေ ၂၀ ကျော်ပါက မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေဝင်ရောက်နိုင်သဖြင့် အနီးနား နေထိုင်ကြသူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် သတိပေးထားကြောင်း သိရသည်။
Aug 07 • 12:25 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


