back

ရှမ်းပြည်နယ်၊ကလောမြို့ရှိ သက်တမ်းနှစ် ၁၀၀ ကျော် အဆောက်အအုံ ၃ လုံးကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်၍ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်

Aug 07 • 12:21 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ကလောမြို့ရှိ သက်တမ်းနှစ် ၁၀၀ ကျော် အဆောက်အအုံ ၃ လုံးကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်၍ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်

ရှမ်းပြည်နယ်၊ ကလောမြို့ရှိ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီဖြစ်သော ကလောစာတိုက်(ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်းအမွေအနှစ်အဆေ...

ရှမ်းပြည်နယ်၊ ကလောမြို့ရှိ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီဖြစ်သော ကလောစာတိုက်(ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအဖြစ် သတ်မှတ်ကာ ဩဂုတ် ၆ ရက်တွင် ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ခဲ့ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သဖြင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားကာ ကြေးပြားကမ္ပည်းမော်ကွန်းများကို တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

16