back

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ရေကြီးမှုကာကွယ်ရန် နမ့်ယွန်းချောင်းနှင့် နိုင်းနိုင်းချောင်းတို့တွင် နှုန်းတူးဖော်ရှင်းလင်းခြင်းများ ဆောင်ရွက်

Aug 07 • 12:20 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ရေကြီးမှုကာကွယ်ရန် နမ့်ယွန်းချောင်းနှင့် နိုင်းနိုင်းချောင်းတို့တွင် နှုန်းတူးဖော်ရှင်းလင်းခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဩဂုတ် ၁ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ယွန်းချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် မြို့တွင်းရေစီးဆင...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဩဂုတ် ၁ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ယွန်းချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် မြို့တွင်းရေစီးဆင်းမှုကောင်းမွန်စေရန်နှင့် ရေကြီးမှုထပ်မံမဖြစ်စေရန်အတွက် နမ့်ယွန်းချောင်းနှင့် နိုင်းနိုင်းချောင်းအတွင်းရှိ ပိတ်ဆို့နေသော နှုန်းများကို ဩဂုတ် ၄ ရက်တွင် စက်ယန္တရားများဖြင့် တူးဖော်ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို တာချီလိတ်စစ်ဗျူဟာမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် မြို့မိမြို့ဖအဖွဲ့များ ပူးပေါင်းကာ စက်သုံးဆီနှင့် စက်ယန္တရားများ ပံ့ပိုး၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခု နမ့်ယွန်းချောင်း နှုန်းတူးဖော်ခြင်းသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး နောင်တွင်လည်း မြို့တွင်းရှိ ကျန်ချောင်းများနှင့် ရေနုတ်မြောင်းများကို ရေဘေးအန္တရာယ်လျော့နည်းစေရန် အဆင့်ဆင့် ဆက်လက်ဆယ်ယူရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15