back

ဖီဖာ၏ လုပ်ဆောင်ချက်အပေါ် အားမလိုအားမရဖြစ်ပြီး သပိတ်မှောက်မည့်အစီအစဉ်ကို ဆက်လက်ဆုပ်ကိုင်ထားကြောင်း UEFA ကြေညာ

Aug 07 • 12:12 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဖီဖာ၏ လုပ်ဆောင်ချက်အပေါ် အားမလိုအားမရဖြစ်ပြီး သပိတ်မှောက်မည့်အစီအစဉ်ကို ဆက်လက်ဆုပ်ကိုင်ထားကြောင်း UEFA ကြေညာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများ၏ ရှယ်ယာများကို ပုဂ္ဂလိကသို့ ရောင်းချမည့် အဆိုပြုချက်ကို ပြန်လည်ဖျက်သိမ်းကာ မှားယွင်းကြောင်း...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများ၏ ရှယ်ယာများကို ပုဂ္ဂလိကသို့ ရောင်းချမည့် အဆိုပြုချက်ကို ပြန်လည်ဖျက်သိမ်းကာ မှားယွင်းကြောင်း တောင်းပန်ခဲ့သော်လည်း ယင်းလုပ်ဆောင်ချက်မှာ လုံလောက်မှုမရှိသေးသဖြင့် သပိတ်မှောက်မည့် အစီအစဉ်ကို မရုပ်သိမ်းသေးကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ UEFA အနေဖြင့် ဖီဖာပြိုင်ပွဲများတွင် ပါဝင်မည်မဟုတ်သည့် ရပ်တည်ချက်မှာ ရှင်းလင်းပြီး အဆိုပြုချက်ကို အပြီးတိုင်ရုပ်သိမ်းရန်နှင့် နောက်နောင်တွင် ဘောလုံးအားကစားကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် ကြိုးပမ်းမှုမျိုး မလုပ်ရန် အာမခံချက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို၏ ဦးဆောင်မှုကိုလည်း အယုံအကြည်မရှိတော့ကြောင်း ပြောကြားခဲ့သည်။ မော်ရိုကိုတွင် ပြုလုပ်သည့် ဖီဖာအရေးပေါ်အစည်းအဝေး၌ စီနီယာအဖွဲ့ဝင်များက အင်ဖန်တီနိုကို ဆက်လက်ထောက်ခံခဲ့ကြသော်လည်း UEFA ဘက်ကမူ ဥက္ကဋ္ဌ အင်ဖန်တီနို ရာထူးမှ နုတ်ထွက်မှသာ သပိတ်မှောက်မည့်အစီအစဉ်ကို ရုပ်သိမ်းမည့်သဘော ရှိနေကြောင်း သိရသည်။

news-view-count-icon

21