ဩစတြီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့သဖြင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် တောမီးလောင်နိုင်ခြေနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း Reuters သတင်းအရ သိရသည်။ အလားတူ အီတလီနိုင်ငံအချို့နေရာများတွင်လည်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) ဝန်းကျင်အထိ မြင့်တက်နေကာ ယခုကဲ့သို့ ပြင်းထန်သည့် မိုးခေါင်ရေရှားမှုများကြောင့် ဟန်ဂေရီ၊ ရိုမေးနီးယား၊ အီတလီနှင့် ဗော်ကန်ဒေသတို့တွင် စိုက်ပျိုးရေး သီးနှံအထွက်နှုန်း ထက်ဝက်ကျော်ခန့်အထိ ထိခိုက်ပျက်စီးကာ ဆုံးရှုံးမှုကြီးမားလျက်ရှိကြောင်း သိရသည်။
ဩစတြီးယားနှင့် ဥရောပနိုင်ငံအချို့တွင် အပူချိန်စံချိန်တင်မြင့်တက်ပြီး စိုက်ပျိုးရေးကဏ္ဍ အပြင်းအထန် ထိခိုက်
Aug 07 • 12:11 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


