မန္တလေးမြို့၏ အထင်ကရ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခင်နှစ်များကဲ့သို့ ဝါခေါင်လဆန်း ၈ ရက် တစ်ရက်တည်းတင်မဟုတ်ဘဲ ယခုနှစ်တွင် ဝါခေါင်လဆန်း ၇ ရက်နှင့် ၈ ရက်ဟူ၍ နှစ်ရက်ဆက်တိုက် တရားဝင်တိုးချဲ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ပြုံးပွဲတော်အကြိုအဖြစ်လည်း လူသိများသည့် အဆိုပါအိုးပုတ်ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပွဲတော်အပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာသောကြောင့် ရက်တိုးမြှင့်ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးရိုးရာအိုးပုတ်ပွဲတော်ကို ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တိုးချဲ့ကျင်းပမည်
Aug 07 • 11:53 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


