back

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာ

Aug 07 • 11:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာ

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် တစ်လီတာလ...

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်သွားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဩဂုတ် ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ် ၁၃ ရက်အထိ ကျင့်သုံးမည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ ၃,၈၄၀ ကျပ် (၂၀၀ ကျပ်တက်)၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ် (၂၆၅ ကျပ်တက်)၊ ဒီဇယ် ၄,၁၅၅ ကျပ် (၁၇၀ ကျပ်တက်) နှင့် ပရီမီယံဒီဇယ် ၅,၀၅၀ ကျပ် (၂၂၀ ကျပ်တက်) အသီးသီး ဖြစ်ပေါ်နေကြောင်း သိရသည်။

news-view-count-icon

19