back

ဧရာဝတီတိုင်းဒေသကြီး၊ငသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေ စတင်ဝင်ရောက်လာသဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေ

Aug 07 • 11:48 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ငသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေ စတင်ဝင်ရောက်လာသဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစ၍ ငဝန်မြစ်ရေ စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွ...

ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစ၍ ငဝန်မြစ်ရေ စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူများကို ရေဘေးလွတ်ရာနေရာများသို့ အရေးပေါ်ရွှေ့ပြောင်းကူညီပေးနေကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် ၁,၁၀၉ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အောက် ၁၂ စင်တီမီတာခန့်သာ လိုတော့ကြောင်း သိရသည်။

news-view-count-icon

14