back

ရန်ကုန်ရှိ ဆွီဒင်သံရုံးရုံးခွဲ အပြီးပိတ်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များကို ဘန်ကောက်သံရုံးမှ ပြောင်းလဲတာဝန်ယူမည်

Aug 07 • 8:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ ဆွီဒင်သံရုံးရုံးခွဲ အပြီးပိတ်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များကို ဘန်ကောက်သံရုံးမှ ပြောင်းလဲတာဝန်ယူမည်

ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံးရုံးခွဲကို ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစ၍ အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာကိုလည်း...

ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံးရုံးခွဲကို ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစ၍ အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာကိုလည်း အပြီးပိုင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ကြေညာသည်။ နောင်တွင် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးကသာ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဥရောပနိုင်ငံများဖြစ်သည့် ဖင်လန်နိုင်ငံသံရုံးသည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ပိတ်သိမ်းခဲ့ပြီးဖြစ်သလို၊ ဒိန်းမတ်နိုင်ငံသံရုံးသည်လည်း ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

29