စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ဩဂုတ် ၅ ရက်နေ့မှစ၍ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေါင်းမြူချောင်းနှင့် လာကာချောင်းတို့တွင် ရေမြင့်တက်လာကာ အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ ကျေးရွာ ၁၀၀ ကျော်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေကြီးမှုကြောင့် ဒေသခံများသည် ရွာအတွင်းရှိ ရေလွတ်ရာ အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။ မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းပါက သွားလာရေး ပြတ်တောက်နိုင်ပြီး စားသောက်နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ မိုးများပြီး ချောင်းရေတက်သဖြင့် ကျေးရွာ ၁၀၀ ကျော် ရေကြီးရေလျှံမှု ဖြစ်ပွား
Aug 07 • 4:20 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


