back

ပြည်တွင်း၌ ဖရဲသီး အထွက်နှုန်းကျဆင်းပြီး ဈေးကောင်းမရသဖြင့် စိုက်ပျိုးတောင်သူများ အရင်းရရှိရန်ပင် ခက်ခဲနေ

Aug 07 • 3:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ဖရဲသီး အထွက်နှုန်းကျဆင်းပြီး ဈေးကောင်းမရသဖြင့် စိုက်ပျိုးတောင်သူများ အရင်းရရှိရန်ပင် ခက်ခဲနေ

စက်သုံးဆီနှင့် စိုက်ပျိုးရေး သွင်းအားစုများ သယ်ဆောင်ခွင့် တားမြစ်ခံထားရခြင်း၊ ဝယ်ယူရ ခက်ခဲပြီး ဈေးနှုန်း မြင့်မားခြင်းတို့ကြောင့် ဖရဲခင်းများ အပြည့်အဝ မပြုစုနို...

စက်သုံးဆီနှင့် စိုက်ပျိုးရေး သွင်းအားစုများ သယ်ဆောင်ခွင့် တားမြစ်ခံထားရခြင်း၊ ဝယ်ယူရ ခက်ခဲပြီး ဈေးနှုန်း မြင့်မားခြင်းတို့ကြောင့် ဖရဲခင်းများ အပြည့်အဝ မပြုစုနိုင်ဘဲ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းကာ ဈေးကောင်း မရရှိဖြစ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ ဖရဲစိုက် တောင်သူများက ပြောသည်။ လက်ရှိတွင် ခြံဖြတ်ဈေးမှာ ဖရဲသီး တစ်လုံးလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရရှိသော်လည်း မန္တလေး ဈေးကွက်၌မူ သယ်ယူစရိတ် ကြီးမြင့်မှုကြောင့် တစ်လုံးလျှင် ကျပ် ၂,၀၀၀ မှ ၄,၀၀၀ အထိ ပေးနေရသည်။ ယခုကဲ့သို့ အထွက်နှုန်း ကျဆင်းပြီး အရည်အသွေး ပါကျသဖြင့် နောက်ရာသီအတွက် စိုက်ပျိုးစရိတ် အရင်းအနှီး ပြန်လည် ရရှိရန်ပင် တောင်သူများ အခက်တွေ့လျက်ရှိသည်။

news-view-count-icon

17