မန္တလေးမြို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းမိသားစုများ အမြောက်အမြား ဝင်ရောက်လာခြင်း၊ ကျူးကျော်နေအိမ်များ ဖယ်ရှားရှင်းလင်းခံရခြင်းတို့ကြောင့် အိမ်ငှားရမ်းလိုသူနှင့် ငှားရန်ရှိသည့် အိမ်အရေအတွက် မမျှတဘဲ အိမ်ငှားခ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ ယခင်က တစ်လလျှင် ကျပ် ၅ သိန်းဝန်းကျင်သာ ရှိခဲ့သည့် အိမ်နှင့် တိုက်ခန်းများမှာ လက်ရှိ ဝါတွင်းကာလတွင် ကျပ် ၇ သိန်းနှင့်အထက် ရှိနေပြီး အဆိုပါ ဈေးနှုန်းများဖြင့်ပင် အလုအယက် ငှားရမ်းနေထိုင်နေကြရကြောင်း သိရသည်။
Aug 07 • 3:19 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 36 | 0 | 0 | 0 |


