back

ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပုံမြို့နယ် ရက်ချောင်းနှင့် လေးတောင်ရွာတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား

Aug 07 • 3:17 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပုံမြို့နယ် ရက်ချောင်းနှင့် လေးတောင်ရွာတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ချောင်းရေ မြင့်တက်လာခဲ့ရာ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် မြေပုံမြို့နယ်၊ ရက်ချောင်းရွာနှင့် လေး...

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ချောင်းရေ မြင့်တက်လာခဲ့ရာ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် မြေပုံမြို့နယ်၊ ရက်ချောင်းရွာနှင့် လေးတောင်ရွာတို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရက်ချောင်းရွာတွင် ရေစီးပြင်းထန်မှုကြောင့် နေအိမ်တစ်ဆောင် ရေထဲ မျောပါ ပျက်စီးခဲ့ပြီး၊ ရွာအတွင်း ဒူး၊ ခါးအထိ ရေနစ်မြုပ်ခဲ့ကာ လေးတောင်ရွာရှိ နေအိမ်အချို့တွင်လည်း ရေဝင်ရောက်ခဲ့သည်။ လက်ရှိတွင် ဒီရေကျသွား၍ ရေပြန်ကျသွားပြီ ဖြစ်သော်လည်း နေအိမ် မျောပါသွားသည့် မိသားစုနှင့် လက်လုပ်လက်စား မိသားစုများအတွက် အကူအညီများ လိုအပ်လျက်ရှိသည်။ မိုးဇလ ခန့်မှန်းချက်များအရ ဩဂုတ် ၁၁ ရက်အထိ မိုးဆက်လက် သည်းထန်နိုင်သဖြင့် မိုး ထပ်မံရွာပါက ရေကြီးမှု ရက်ရှည်ကြာမြင့်နိုင်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။

news-view-count-icon

11