ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှုကြောင့် ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာခဲ့သည်။ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ ဩဂုတ် ၇ ရက် ထုတ်ပြန်ချက်အရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၅,၀၅၀ ကျပ်ဟု သတ်မှတ်ထားသည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ဩဂုတ် ၁၃ ရက်အထိ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်
Aug 07 • 2:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


