စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဆောက်လုပ်ရေး၊ သစ်တောလုပ်ငန်းတို့တွင် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများအတွက် (၁၇) ကြိမ်မြောက် EPS-TOPIK နှင့် Skill Test အရည်အချင်းစစ် စာမေးပွဲများကို ဩဂုတ် ၃၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက ထုတ်ပြန်လိုက်သည်။အွန်လိုင်းမှ လျှောက်လွှာများကို ဩဂုတ် ၆ ရက်မှ ၁၀ ရက်အထိ လက်ခံမည်ဖြစ်ပြီး EPS-TOPIK စာမေးပွဲများကို စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၉ ရက်အထိ ကျင်းပ၍ အောင်စာရင်းကို အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ ထို့နောက် ဒုတိယအဆင့် Skill Test များကို နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ စစ်ဆေးကာ နိုဝင်ဘာ ၂၀ ရက်တွင် အပြီးသတ် အောင်စာရင်း ထုတ်ပြန်မည်ဖြစ်သည်။ယခု စာမေးပွဲတွင် လုပ်ငန်းအမျိုးအစားအလိုက် အောင်မြင်သူ စုစုပေါင်း ၁,၃၀၀ ခန့် (စိုက်/မွေး ၇၀၀၊ ဆောက်လုပ်ရေး ၅၀၀၊ သစ်တော ၁၀၀) ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။


