back

ပြည်တွင်း ဆန်ဈေးကွက် အရောင်းအဝယ်အေးနေပြီး အိတ်အလိုက် ဈေးလျှော့ရောင်းသော်လည်း ဝယ်ယူသူ နည်းပါး

Aug 07 • 2:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ဆန်ဈေးကွက် အရောင်းအဝယ်အေးနေပြီး အိတ်အလိုက် ဈေးလျှော့ရောင်းသော်လည်း ဝယ်ယူသူ နည်းပါး

ပြည်တွင်း ဆန်ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ရန်ကုန်မှတစ်ဆင့် နယ်မြို့များသို့ ဆန်တင်ပို့ရောင်းချရမှု အလွန်နည်းပါးနေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထ...

ပြည်တွင်း ဆန်ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ရန်ကုန်မှတစ်ဆင့် နယ်မြို့များသို့ ဆန်တင်ပို့ရောင်းချရမှု အလွန်နည်းပါးနေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ ဆန်အိတ် ရာနှင့်ချီ ဝယ်ယူပါက ဈေးလျှော့ရောင်းပေးနေသော်လည်း ဝယ်ယူသူ ရှားပါးလျက်ရှိသည်။ လက်ရှိ ပြည်တွင်း ဆန်လက်ကားဈေးကွက်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၇၀,၀၀၀ မှ ၇၅,၀၀၀ ကြား ရှိနေပြီး လက်လီဈေးကွက်၌မူ တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

news-view-count-icon

24