back

လိုက်ပ်ဇစ် တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီကို ခေါ်ယူနိုင်ခဲ့ကြောင်း ရီးယဲလ်မက်ဒရစ် အတည်ပြု

Aug 07 • 2:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

လိုက်ပ်ဇစ် တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီကို ခေါ်ယူနိုင်ခဲ့ကြောင်း ရီးယဲလ်မက်ဒရစ် အတည်ပြု

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းသည် လိုက်ပ်ဇစ်အသင်း၏ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ် လူငယ်တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီကို ပြောင်းရွှေ့ကြေး ယူရို ၁၂၅ သန်း (အပို...

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းသည် လိုက်ပ်ဇစ်အသင်း၏ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ် လူငယ်တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီကို ပြောင်းရွှေ့ကြေး ယူရို ၁၂၅ သန်း (အပိုဆောင်းကြေး ယူရို ၁၅ သန်း) ဖြင့် ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆို၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့သည်။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဒီယိုမန်ဒီသည် ပြီးခဲ့သည့် ၂၀၂၅ နွေရာသီမှ လိုက်ပ်ဇစ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး တစ်ရာသီအတွင်း ၎င်း၏ တန်ကြေးမှာ ၇ ဆနီးပါး မြင့်တက်ခဲ့သည်။ ရီးယဲလ်မက်ဒရစ် အသင်းတွင် ကစားရခြင်းမှာ ၎င်း၏ ငယ်ဘဝ အိပ်မက်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ရီးယဲလ်မက်ဒရစ် အသင်းသည် အဓိက တိုက်စစ်မှူး ဗင်နီစီယပ်စ်ကိုလည်း စာချုပ်သက်တမ်းတိုးရန် နီးစပ်လျက်ရှိသည်။

news-view-count-icon

18